Month: August 2025

TrueStory.

. စေလိုရာစေအရိပ်တစ္ဆေအဖြစ်နဲ့လိုရာကိုဖြည့်ဆည်းတိတ်တိတ်လေးနဲ့နီးနေခဲ့တာနှစ်ဆယ့်သုံး မေလငါးရက်နေ့ကထဲကစခဲ့ပါတယ် ••• အသိုင်းအဝန်းတစ်ခုကြားမှာတစ်ရံတစ်ခါထင်ရှားတစ်ခါတစ်လေမှုန်ဝါးဝါးဇာတ်ကွက်အလိုကျသရုပ်ဆောင်ကပြရင်းငါတို့နှစ်ယောက်ရဲ့နှစ်ဘဝကတစ်ထပ်ထဲနီးပါးဖြစ်ခဲ့ပါတယ် •• မလိုသူတွေရဲ့အမြင်သူတို့ရဲ့စိတ်အထင်တွေဟာလက်တွေ့ဘဝမှာအံမဝင်ပါဘူးးးသက်သေမပြုနိုင်တဲ့သူတို့ရဲ့စကားတင်းဆိုမှုဟာငါတို့အတွက်စာဖွဲ့စရာမဟုတ်ဘူးလေ ••• AungMyat 😊 .

2 year ago Status.

. “”မနှစ်တုန်းကရေးထားတဲ့စာ”” တစ်ချိန်ကြရင်နိုင်ငံတော်ကိုဦးဆောင်ခွင့်ရကောင်းရနိုင်တဲ့နိုင်ငံရေးပါတီတွေကလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးStatementတွေထုတ်ပြန်ကြတာကိုကြိုဆိုလက်ခံပါတယ်၊Policy အရမဖြစ်မနေလုပ်ရမည့်အလုပ်မှန်းကိုလည်းမိမိ နားလည်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးကိုတစ်ဘက်တစ်လမ်းကနေအထောက်အကူပြုဖို့စီမံဆောင်ရွက်နေတဲ့“”ပြည်သူ့စစ်မှုထမ်း””ကိစ္စရပ်မှာလည်းပါတီတွေအနေနဲ့ •••••policy အရ၊လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ကြရင်အပြောမဟုတ်တဲ့လက်တွေ့သမားတွေအဖြစ်ပြည်သူတွေရဲ့အသိအမှတ်ပြုခြင်းကိုရရှိနိုင်ပါတယ်။ AungMyat .

News.

. copied text. လခရ စစ်ကြောင်းတွေဟာ နှစ်ရက်တိတိ အပြင်းအထန်တိုက်ခိုက်ပီးနောက်ဒီနေ့ ၆.၈.၂၀၂၅ ရက်နေ့ ၁၃၂၀ အချိန်တွင် မြင်းခြံမြိုနယ် သမုန်းကိုင်းအကြမ်းဖက် အခိုင်အမာစခန်းအား သိမ်းပိုက်ရရှိခဲ့ပါသည်။မှတ်ချက်။။ ။ အထူးရဲကွန်မန်ဒို စစ် ကြောင်း R…mat ကိုမိုးအောင်တင် AungMyat .

Trust.

. မကြာခဏထပ်ခါထပ်ခါပြောနေပါမယ် •••ပိုင်းဖြတ်ပစ်ခတ်ခံရခြင်းကိုအလိုမရှိရင် •••ကျစ်လစ်ခိုင်မာတဲ့အင်အားစုကိုအလိုရှိရင် •••ဘောင်းဘီချွတ်နဲ့ပုဆိုးဝတ်သန္ဓေနဲ့မိုးကျရွှေကိုစတဲ့သွေးခွဲရေးစိတ်ရှိသူတွေ ••စကားလုံးမှိုင်းတွေသုံးပြီးအချင်းချင်းအတွင်းမှာဝေဝါးထွေပြားအောင်လုပ်နေသူတွေ ••အထက်၊အောက်အစဥ်အလာနှင့်အညီမနေထိုင်သူတွေကိုအတွင်းစည်းထဲကနေဖယ်ထုတ်ရပါမယ် •••အထက်ကချမှတ်လာတဲ့မူဝါဒနဲ့လမ်းညွှန်ချက်​အတိုင်းကျင့်သုံးနိုင်သူတွေကိုသာရှာဖွေဖေါ်ထုတ်ပြီးနေရာပေးရပါမယ် ••လမ်းညွှန်ချက်တွေကိုအညွန့်တင်အကွန့်တက်ပြီးဆရာကြီးဂုဏ်ပြချင်သူတွေကိုလားပင်စင်ပေးရပါမယ် •••နှစ်ခြောက်ဆယ်ရှေ့ခရီးကိုအတိမ်းအစောင်းမရှိပဲထိန်းသိမ်းမောင်းနှင်နိုင်ကြပါစေ ••••• သစ္စာဖြင့် AungMyat .

Own tune.

. “ပြီးခဲ့တဲ့နှစ်ကရေးခဲ့တဲ့စာ” ယုံကြည်တဲ့ဘက်မှာခြေတစ်လှမ်းတောင်နောက်မဆုတ်ပဲ၂၀၁၉ ကနေ၂၀၂၃ အထိမြေပြင်မှာလက်တွေ့ရပ်တည်ခဲ့တဲ့မိမိရဲ့အကြောင်းကိုသိသူတွေfriend list ထဲမှာရှိပါတယ်၊ဘယ်တန်းလျားဘယ်ဝင်းထဲကိုမှပြေးမပုန်းပဲ၂၀၂၁ ကနေအခုအထိရပ်ထဲရွာထဲလူတွေကြားထဲYBS တိုးစီးပြီးသွားချင်ရာသွားနေချင်သလိုနေနေပါတယ်၊ဖုန်းပေါ်မှာပဲဖုန်ထရဲတဲ့ “ဇ”မျိုးလောက်နဲ့အကန်လာမလုပ်ပါနဲ့။ AungMyat .

Opinion.

. ပညာရပ်ဆိုင်ရာထူးချွန်သူ ••စီးပွားရေးဆိုင်ရာထက်မြက်သူ •••စတဲ့လူတော်လို့ပြောနိုင်သူတွေကိုမိမိက လေးစားပါတယ် ••• ပါတီကိုအကြောင်းပြုပြီးနိုင်ငံရေးနယ်ပယ်ထဲကိုအဲ့ဒီသူတွေဝင်ရောက်ကျင်လည်မှာကိုတော့မိမိ မနှစ်သက်ပါဘူး၊ဆုံရှုံးမှုလို့ပဲမြင်ပါတယ် ••• ပါတီတော်တော်များများမှာမမြင်ရတဲ့ခေါင်းကိုင်ဖခင်ကြီးတွေ၊မိခင်ကြီးတွေမူဝါဒချမှတ်တဲ့ကိုယ်ပျောက်တစ္ဆေတွေရှိတတ်ပါတယ်သူတို့ကိုကျော်ပြီးဘယ်သူမှ ဘာမှဘာလို့မရပါ ••• သိထား၊တတ်ထားရှိထား၊ပိုင်ထားတဲ့အရာတွေကိုဆွဲကိုင်ပြီးးအစိုးရတစ်ရပ်ရပ်အဖွဲ့အစည်းတစ်ခုခုရဲ့လုပ်ရပ်ကိုဝေဖန်ရတာနဲ့ကိုယ်တိုင်စီမံလုပ်ကိုင်ရတာကသမုဒ္ဒရာတစ်ခုရဲ့အခြားတစ်ဖက်နဲ့အခြားတစ်ဖက်လိုဝေးကွာပါတယ် ••• နိုင်ငံရေးသမားအမည်ခံလူလည်လူညစ်တွေရဲ့ဦးဏှောက်ဖေါက်စားခြင်းဘေးမှဂုဏ်သရေရှိပညာရှင်များကိုယ်စီရှောင်ဖယ်ရုန်းထွက်နိုင်ကြပါစေ ••• AungMyat 😊 .

Article.

. မိမိကဘာမှမဟုတ်တဲ့သာမန်လူပါ ••နာမည်ရှိသရုပ်ဆောင်မဟုတ်သလိုအမည်ပေါက်ကျော်ကြားထင်ရှားသူလည်းမဟုတ်ပါ ••မိမိမှာနောက်လိုက်နောက်ပါဘာအင်အားစုမှမရှိသလိုဘယ်အဖွဲ့အစည်းကိုမှလည်းမိမိကကိုယ်စားမပြုပါ •••မိမိကြောင့်တစ်စုံတစ်ယောက်တစ်စုတစ်ဖွဲ့တစ်ပါတီအောင်မြင်မှုမရနိုင်သလိုမိမိကြောင့်ဘာထူးခြားမှုမှလည်းမဖြစ်နိုင်ပါ •••မိမိသည် မိမိသာဖြစ်ပါတယ်ကိုယ်ပိုင်ဥစ္စာဖြစ်သော“ကံ”မှအပမိမိမှာ ဘာမှမရှိပါ •••• AungMyat 😊 .