Article
. လုပ်ငန်းလိုအပ်ချက်အရစက်သုံးဆီအရောင်းဆိုင်မှာQR စစ်ရာကနေအပွားလိုင်စင်ကိစ္စတွေအစထွက်လာပါပြီ •• ယာဥ်နဲ့ပတ်သက်တဲ့အထောက်အထားအတုတွေကဘယ်ကထွက်လာတာလဲဘယ်သူ၊ဘယ်ဋ္ဌာနဘယ်အဖွဲ့စည်းကထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတာလဲဆိုတာကိုမကြာခင်မှာအသစ်ဖြစ်ပေါ်လာတောာ့မယ့်ပြည်ထောင်စုအစိုးရတိုင်းဒေသကြီးအစိုးရတွေကမီးခိုးကြွက်လျှောက်လိုက်ပြီးမသမာသူတွေကိုအစိမ်း၊အကျက်မရွေးဖေါ်ထုတ်အရေးယူဖို့တာဝန်ရှိလာပါပြီ •• ကားလိုင်စင်အပွားနည်းတူဒဂုံဆိပ်ကမ်း၊ဒဂုံအရှေ့ဒဂုံတောင်၊ဒဂုံမြောက်မြို့နယ်တွေကမြေကွက်တစ်ခုထဲကိုပါမစ်အဆောင်ဆောင်ဂရန်အထပ်ထပ်ဖြစ်နေတဲ့ကိစ္စကိုလည်းသက်ဆိုင်ရာအိုးအိမ်နဲ့စည်ပင်ဋ္ဌာနတွေအတွင်းကိုဝင်ရောက်စစ်ဆေးပြီးတရားမဲ့ပြုကျင့်သူတွေကိုဖေါ်ထုတ်အရေးယူပြဖို့အဆောတလျင်လိုအပ်လာပါပြီ ••• နှစ်သုံးဆယ်မဟာဗျူဟာရဲ့တတိယခြေလှမ်း၊စတုတ္ထခြေလှမ်းမှသည်ခြေလှမ်းတိုင်းမှာ“”ပြည်သူနှင့်အစိုးရအတူတကွ””ဆိုတဲ့ပုံရိပ်ကိုရဖို့အတွက်အစိမ်းအကျက်မရွေးသုတ်သင်ပြဝံ့ရပါမယ် ••• မသမာမှုအမျိုးမျိုးကိုအုပ်စုဖွဲ့ကျူးလွန်ပြီးကိုယ်ကျိုးစီးပွားတက်အောင်၊အစိုးရပုံရိပ်ကျဆင်းအောင်၊အစိုးရနှင့်ပြည်သူယုံကြည်မှုကင်းမဲ့အောင်စံနစ်တကျလုပ်နေသူတွေကိုထိထိမိမိ၊တိတိကျကျအရေးယူမပြရင်တော့မိမိတို့တွေရဲ့မျှော်လင့်ချက်နဲ့ကြိုးပမ်းမှုတွေကလေထဲမှာလွင့်မျောသွားတဲ့စီးကရက်မီးခိုးငွေ့တွေပဲဖြစ်ပါလိမ့်မယ် •••• သဗ္ဗေသတ္တာ ကမ္မဿကာကိုကြိုတင်လေ့ကျင့်နှလုံးသွင်းကြည့်နေတဲ့ ~ AungMyat 😂 .
