
.
လုပ်ငန်းလိုအပ်ချက်အရ
စက်သုံးဆီအရောင်းဆိုင်မှာ
QR စစ်ရာကနေ
အပွားလိုင်စင်ကိစ္စတွေ
အစထွက်လာပါပြီ ••
ယာဥ်နဲ့ပတ်သက်တဲ့
အထောက်အထားအတုတွေက
ဘယ်ကထွက်လာတာလဲ
ဘယ်သူ၊ဘယ်ဋ္ဌာန
ဘယ်အဖွဲ့စည်းက
ထုတ်လုပ်ဖြန့်ဖြူး
ရောင်းချနေတာလဲဆိုတာကို
မကြာခင်မှာ
အသစ်ဖြစ်ပေါ်လာတောာ့မယ့်
ပြည်ထောင်စုအစိုးရ
တိုင်းဒေသကြီးအစိုးရတွေက
မီးခိုးကြွက်လျှောက်လိုက်ပြီး
မသမာသူတွေကို
အစိမ်း၊အကျက်မရွေး
ဖေါ်ထုတ်အရေးယူဖို့
တာဝန်ရှိလာပါပြီ ••
ကားလိုင်စင်အပွားနည်းတူ
ဒဂုံဆိပ်ကမ်း၊ဒဂုံအရှေ့
ဒဂုံတောင်၊ဒဂုံမြောက်
မြို့နယ်တွေက
မြေကွက်တစ်ခုထဲကို
ပါမစ်အဆောင်ဆောင်
ဂရန်အထပ်ထပ်ဖြစ်နေတဲ့
ကိစ္စကိုလည်းသက်ဆိုင်ရာ
အိုးအိမ်နဲ့စည်ပင်ဋ္ဌာနတွေ
အတွင်းကိုဝင်ရောက်စစ်ဆေးပြီး
တရားမဲ့ပြုကျင့်သူတွေကို
ဖေါ်ထုတ်အရေးယူပြဖို့
အဆောတလျင်လိုအပ်လာပါပြီ •••
နှစ်သုံးဆယ်မဟာဗျူဟာရဲ့
တတိယခြေလှမ်း၊
စတုတ္ထခြေလှမ်းမှသည်
ခြေလှမ်းတိုင်းမှာ
“”ပြည်သူနှင့်အစိုးရအတူတကွ””
ဆိုတဲ့ပုံရိပ်ကိုရဖို့အတွက်
အစိမ်းအကျက်မရွေး
သုတ်သင်ပြဝံ့ရပါမယ် •••
မသမာမှုအမျိုးမျိုးကို
အုပ်စုဖွဲ့ကျူးလွန်ပြီး
ကိုယ်ကျိုးစီးပွားတက်အောင်၊
အစိုးရပုံရိပ်ကျဆင်းအောင်၊
အစိုးရနှင့်ပြည်သူ
ယုံကြည်မှုကင်းမဲ့အောင်
စံနစ်တကျလုပ်နေသူတွေကို
ထိထိမိမိ၊တိတိကျကျ
အရေးယူမပြရင်တော့
မိမိတို့တွေရဲ့
မျှော်လင့်ချက်နဲ့ကြိုးပမ်းမှုတွေက
လေထဲမှာလွင့်မျောသွားတဲ့
စီးကရက်မီးခိုးငွေ့တွေပဲ
ဖြစ်ပါလိမ့်မယ် ••••
သဗ္ဗေသတ္တာ ကမ္မဿကာကို
ကြိုတင်လေ့ကျင့်
နှလုံးသွင်းကြည့်နေတဲ့ ~
AungMyat 😂
.
