.

copied text.

01/08/2025 ရက်နေ့ကစပြီး မြင်းခြံပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်နှင့် မိမိတပ်မတော်စစ်ကြောင်းဟာ မြင်းခြံ-နွားထိုးကြီးလမ်းတစ်လျှောက်အထူးစစ်ဆင်ရေးတစ်ရပ်ဆင်နွဲနေပါတယ်။

ဒီလိုစစ်ဆင်ရေးဆင်နွဲနေတဲ့ဒေါ်သီတာယုမွန်နဲ့မိမိတပ်မတော်စစ်ကြောင်းကို မြင်းခြံ Black Tiger အဖွဲ့၊ ထနောင်းမြေPDFအဖွဲ့၊ အမှတ်(၂)PDFတပ်ရင်းတို့အပြင် နွားထိုးကြီးပခဖနဲ့ စိုးအောင်ခေါင်းဆောင်သောနွားထိုးကြီးPDFများက စုပေါင်းပြီး ခံစစ်ဆင်ကြပါတယ်။

ဒါပေမဲ့ မိမိတပ်မတော်စစ်ကြောင်းနဲ့ ဒေါ်သီတာယုမွန်တို့အဖွဲ့ရဲ့ တိုးအားကို မခံနိုင်သည့်အတွက် ရန်သူဟာ

သစ်ပင်ရှည်ရွာ
စမ်းကျရွာ
စံပြ ရွာ
ခင်မကန်ရွာ
မြာက်ကုန်းရွာ
တဲရွာ
ပျော်ဖွယ်ရွာ
သမုန်းကိုင်းရွာ
ရသာ
ဖုံရွာ
ဖောင်းကားရွာ
ဗလုံရွာ

စတဲ့ ရွာပေါင်း(၁၂)ရွာကိုလက်လွတ်ပြီး ထွက်ပြေးဆုတ်ခွါသွားရပါတယ်။

ယနေ့နေ့လည်သိမ်းပိုက်ရရှိတဲ့ ဗလုံရွာသိမ်းတိုက်ပွဲမှာ နွားထိုးPDF များ အထိနာခဲ့ပါတယ်။

မြောက်ကုန်းရွာဟာဆိုရင်ဖြင့်
အမှတ်(၂)PDFတပ်ရင်းအထိုင်ချထားတဲ့ရွာဖြစ်နေတဲ့အတွက် တိုက်ပွဲဟာ နှစ်ဘက်ပြင်းထန်ခဲ့ပါတယ်လို့ ဒေါ်သီတာယုမွန်ဆီမှတဆင့်သိခဲ့ရပါတယ်။

ကိုခိုင်ဇော်

၀၈/၀၈/၂၀၂၅

AungMyat

.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *