အာဆီယံ-မော်စကိုကော်မတီ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးမှ ကျင်းပပြုလုပ်သည့် ပထမအကြိမ် အာဆီယံ-မော်စကိုအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်
(၁၇-၂-၂၀၂၆ ရက်၊ မော်စကို)
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၁၇-၂-၂၀၂၆ ရက်နေ့တွင် ရုရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ဥက္ကဋ္ဌအဖြစ် ကြီးမှူးပြုလုပ်သည့် ပထမအကြိမ် အာဆီယံ-မော်စကိုကော်မတီအစည်းအဝေး(First Meeting of the ASEAN Moscow Committee-AMC)သို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံ၊ Cebu မြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံဝန်ကြီးအဆင့်နှင့် ဆက်စပ်အစည်းအဝေးများအတွင်း ဆွေးနွေးမှုများ၏ အဓိကအချက် များကို ကော်မတီအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးက ပြောကြားခဲ့ပြီး၊ ၃၅ နှစ်မြောက် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးကျင်းပမှုအခြေအနေ၊ အာဆီယံနေ့၊ အာဆီယံမိသားစုနေ့၊ အာဆီယံ-မော်စကို သံအမတ်ကြီးများ၏ ချစ်ကြည်ရင်းနှီးမှုခရီးစဉ်နှင့်စပ်လျဉ်း၍ တက်ရောက် လာသည့် အာဆီယံသံအမတ်ကြီးများက ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၌ အဆင့် ၃ ဆင့်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ မတ်လ၌ လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်ဖွဲ့စည်းပြီးနောက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်ရှိမှုနှင့် နိုင်ငံတကာဆက်ဆံရေး၌ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ မိတ်ဝတ်မပျက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။


Myanmar Ambassador to the Russian Federation attends First Meeting of the ASEAN Moscow Committee (AMC) Under the Chairmanship of the Philippines
(17-2-2026, Moscow)
The Ambassador of the Republic of the Union of Myanmar to the Russian Federation participated in the First Meeting of the ASEAN Moscow Committee (AMC), held under the Chairmanship of the Philippines at the Embassy of the Philippines in Moscow on 17 February 2026.
During the meeting, the Chair of the Committee, the Ambassador of the Philippines, briefed the ASEAN Ambassadors on the outcomes and highlights of the ASEAN Ministerial Meeting and Related Meetings held in Cebu in January 2026. The Ambassadors also discussed preparations for the ASEAN–Russia 35th Anniversary Commemorative Summit, ASEAN Day, ASEAN Family Day, and a Familiarization Visit to be undertaken by AMC Ambassadors.
The Myanmar Ambassador briefed the Committee on the successful completion of the Multiparty Democratic General Election in Myanmar, which was conducted in three phases. The Ambassador further highlighted plans to convene the Hluttaws (Parliaments) in March and reaffirmed Myanmar’s commitment to building a Union founded on democratic principles and a federal system. In addition, the Ambassador underscored Myanmar’s intention to further strengthen international relations in accordance with Myanmar’s foreign policy.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *