

.
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အင်ဒိုနီးရှား သံအမတ်ကြီးမှ တည်ခင်းသော နေ့လည်စာ စားပွဲသို့ အခြား အာဆီယံ သံအမတ်ကြီးများ၊ မိသားစုများနှင့်အတူ တက်ရောက်
(၂၀-၃-၂၀၂၆ ရက်၊ အဘူဒါဘီ)
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်၊ သောကြာနေ့၊ ၁၃:၃၀ နာရီမှာ အာရပ်စော်ဘွားများ ပြည် ထောင်စုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အင်ဒိုနီးရှား သံအမတ်ကြီးမှ ယင်း၏ နေအိမ်တွင် ရာမဒန်လ ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် အာဆီယံ သံအမတ်ကြီးများနှင့် မိသားစုများအား တည်ခင်းသည့် အလွတ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
နေ့လယ်စာ စားပွဲတွင် အင်ဒိုနီးရှား သံအမတ်ကြီးက ရာမဒန်လ ပြီးဆုံးသည့် အထိမ်း အမှတ်အဖြစ် အာဆီယံ မိသားစုများအား တည်ခင်း ဧည့်ခံခွင့် ရရှိပြီး လုံခြုံဘေးကင်းစွာ ရှိနေသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ဒေသတွင်း အခြေအနေများ အမြန်ဆုံး တည်ငြိမ် အေးချမ်းမှု ရရှိရေးကို ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နေ့လယ်စာ စားသုံးနေစဉ် သံအမတ်ကြီးများသည် ဒေသတွင်းဖြစ်ပေါ် တိုးမြင့်လာမှု များ၊ နို်ငငံသားများကို ကူညီ စောင့်ရှောက်ပေးနေမှုများ၊ ယူအေအီးနိုင်ငံမှ ထုတ်ပြန်ထား သည့် လုံခြုံရေးဆိုင်ရာ သတိပေးချက်များ၊ လူမှုကွန်ယက်များတွင် ဖော်ပြမှု မပြုသင့်သည့် ကိစ္စရပ်များ လိုက်နာရန် လိုအပ်မှုနှင့် ပဋိပက္ခများ ပြီးဆုံးရေးအတွက် အိမ်ရှင်နိုင်ငံ၏ ရပ်တည် ချက်များ၊ တွေ့ဆုံဆွေးနွေးမှုများနှင့် သံတမန်ရေး နည်းလမ်းများမှတစ်ဆင့် ဆောင်ရွက်သင့်မှု များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
Myanmar Ambassador to the United Arab Emirates U Kyaw Kyaw Min attends Luncheon hosted by Indonesian Ambassador
(20-3-2026, Abu Dhabi)
On March 20, 2026, Friday at 13:30 hrs, Myanmar Ambassador to the United Arab Emirates U Kyaw Kyaw Min attended an informal luncheon hosted by the Indonesian Ambassador for ASEAN Ambassadors and their families at his residence to mark the end of Ramadan.
At the luncheon, the Indonesian Ambassador expressed his gratitude for the opportunity to host ASEAN families to mark the end of Ramadan and wished for the region to return to peace and stability as soon as possible.
During the luncheon, the Ambassadors discussed regional development, assistance provided to respective citizens, inappropriate news should not be shared on social media, and the host country’s stance to end the conflict through dialogue and diplomatic channels.
MOFA
AungMyat
.
