


.
မန္တလေးငလျင်ကြီး ၁ နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတတက်ရောက်
နေပြည်တော် မတ် ၂၈
မန္တလေးငလျင်ကြီး ၁နှစ်ပြည့်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာMICC1တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားကိုကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကျင်းပပြုလုပ်ရာ ရှေးဦးစွာ မန္တလေးငလျင်ကြီးကြီးကြောင့် ထိခိုက်နစ်နာကြသူများအတွက် ဝမ်းနည်းကြောင်းတစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။ထို့နောက်နိုင်ငံတော်ယာယီသမ္မတ၊နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားခဲ့သည်။ထို့နောက် ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့စဥ်က ကူညီဆောင်ရွက်ပေးခဲ့သောနိုင်ငံတကာမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
Trend
AungMyat
.
