.

အရပ်သားစစ်စစ်တွေနဲ့ပဲ
မြန်မာနိုင်ငံတော်ကို
တည်တံ့အောင်
တိုးတက်အောင်
ပြုလုပ်လို့ရနိုင်လိမ့်မယ်လို့
မိမိ ဘယ်တုန်းကမှ
မယုံကြည်ပါ •••

၁၃၅ မျိုးသော
လူမျိုးအထွေထွေရဲ့
စရိုက်အသီးသီးကို
မြို့ကြီးပြကြီးလောက်မှာပဲ
အခြေချနေထိုင်ဘူးသူတွေ
သိမြင်နားလည်ဖို့
ဘယ်လိုမှမဖြစ်နိုင်ပါ •••

သိထား
မှတ်ထား
သင်ထားဘူးတဲ့
စာတိုပေစတွေကို
လူကြားကောင်းအောင်
ပြောတတ်ရုံနဲ့
အမတ်လုပ်ပြီးး
တိုင်းရေးပြည်ရာကို
ဝင်စွက်ဖက်တတ်ရုံနဲ့
နိုင်ငံတော်ကို
ကာကွယ်သူ
တည်ဆောက်သူအဆင့်ကို
ဘယ်လိုမှမရောက်နိုင်ပါ •••

ရွေးကောက်ပွဲဆိုတဲ့
မိုးသံကြားရရုံနဲ့
social media မှာ
အုံအင်သံတွေထွက်လာလို့
ဒီစာကို ချရေးပါတယ် •••

အာဏာလက်ဝယ်တောင်မရှိသေးပဲ
ကျော်ဇောထင်ရှားမှု
အတန်အသင့်ရရုံနဲ့
စီအိုင်အေ၊အိုအိုင်စီ၊တရုတ်စတဲ့
ပြည်ပကနေလိုသလို
ဝယ်ယူချယ်လှယ်ခံနေရတဲ့
အရပ်သားစစ်စစ်ဆိုသူတွေကို
မိမိလုံးဝ အယုံအကြည်မရှိပါ ••
အဲ့ဒီလိုသူတွေပါဝင်စွက်ဖက်ပြီး
စီမံအုပ်ချုပ်နိုင်မယ့်စံနစ်ကိုလည်း
မိမိလုံးဝမနှစ်သက်ပါ •••

အသိဉာဏ်ရည်နိမ့်သူတွေရဲ့မဲကို
အမှန်တရားလို့သတ်မှတ်ပြီး
တက်လာခဲ့တဲ့
ဒေါ်စုကြည်တို့တစ်သိုက်
ပေးခဲ့တဲ့ဒဏ်ရာတွေကြောင့်
မြန်မာနိုင်ငံတော်က
သွေးတောင်မတိတ်သေးတာကို
လွယ်လွယ်မေ့နေသူတွေထဲမှာ
မိမိက အခုလည်းမပါသလို
နောင်လည်းဘယ်တော့မှမပါပါ •••

ပြောလက်စနဲ့
တစ်ခါထဲပူးတွဲပြီးပြောပါမယ်
တပ်မတော်ပြီးရင်
ဒုတိယလို့
မိမိစိတ်ထဲကသတ်မှတ်ထားတဲ့ •••
တစ်ကောင်ထဲပြေးပြီး
ပထမရဖို့သေချာနေတယ်ဆိုတဲ့ ••
အဖွဲ့အစည်ကြီးရဲ့အတွင်းမှာ
မိုးကျရွှေကိုယ် နဲ့ သန္ဓေ
တပ်မတော်သား နဲ့ အရပ်သားစစ်စစ်ဆိုတဲ့
ဖြိုခွဲရေးအငုံစိတ်သမားတွေကို
နေရာပေးပြီးရှင်သန်ခွင့်
ဆက်လက်ပေးထားခဲ့ရင် ••
မိမိအနေနဲ့ လုံးဝအားပေးခြင်း
မပြုနိုင်ကြောင်းပါ •••••

သစ္စာဖြင့် ~

AungMyat

.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *